လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးမိတ်မြို့၊ တောင်ပိုင်းရပ်ကွက်၌ (၅-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အမိုးလန်နေအိမ် (၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၃၀,၀၀ဝ/-)ကျပ်နှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၃၁,၅၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၆၁,၅၀ဝ/-) ကျပ်တို့အား (၆-၅-၂၀၂၀) ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#shn_may2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)