COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ (၆-၅-၂၀၂၀) ရက်နေ့ (၀၉:၀၀) အချိန်မှ (၁၁:၃၀) နာရီအချိန်ထိ ကနီမြို့နယ်အတွင်းရှိ ညောင်ရင်းကျေးရွာ၊ လက်ပံစုကျေးရွာ၊ ဆင်အိုကျေးရွာနှင့် အိုင်သားကျေးရွာများ အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ Covid 19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာ ပေးလိုက်နာရန်အချက်များအား အသိပညာပေးဟောပြောခြင်းနှင့် လေပြင်းဘေး လက်ကမ်း စာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#sgg_may2020
Source: ကနီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events