လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀) ရက်နေ့တွင် ကန့်ဘလူ မြို့နယ်၊ ပေကုန်း (တ) ကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာ၊ ချောင်းခြားကျေးရွာ၊ အင်းမကျေးရွာအုပ်စု၊ အင်းမကျေးရွာများသို့သွားရောက်၍ မိဘပြည်သူများအား COVID-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး သိရှိလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိုးကြိုးဘေး၊ လေပြင်းဘေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_may2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)