လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ ထိပ်ပေါက်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာအတွင်း သောက်သုံးရေပြတ်လပ်မှုနှင့်ကြုံတွေ့နေရသော အိမ်ထောင်စု(၁၂၉)စု၊ လူဦးရေ(၄၄၇)ဦးအတွက် သောက်ရေ(၂၀)လီတာ (၃၈၇)ဗူး၊ စုစုပေါင်း(၁၉၃၆)ဂါလံနှင့် သုံးရေဂါလံ(၈၀၀)အား သွားရောက် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)