COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၆-၅-၂၀၂၀) ရက်နေ့၊ မိုးမိတ်မြို့နယ် ဝဲပေါင်း (ဗမာ) ကျေးရွာ၊ ဝဲပေါင်း(လီဆူ)ကျေးရွာ၊ အောင်မြေ ကျေးရွာနှင့် ကျောက်မောကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက် ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ပန်ကြားခြင်း အစီ အစဉ်ကို ဆောင်ရွက်ခြင်းနှင့် ဈေးဆိုင်များလိုက်နာရန် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_may2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events