လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
ကနဦးထောက်ပံ့မှုအဖြစ် ဘူးသီးတောင်မြို့ပေါ်ရှိ တိုက်ပွဲရှောင်စုရပ်စခန်း (၅) ခုဖြစ်သည့် ရန်အောင်မြေ ဘုန်းကြီးကျောင်းစုရပ်ရှိ အိမ်ထောင်စု (၂၀၄) စု၊ လူဦးရေ (၇၈၄) ဦးအတွက် ဆပ်ပြာ (၇၀၀) တောင့်၊ အလှူဆပ်ပြာ (၁၆၈) ခဲ၊ နှာခေါင်းစည်း (၄၀၈) ခု၊ လက်ဆေးစင် (၂) ခု၊ ထုံး (၁) အိတ် တို့အား လည်းကောင်း၊ လမ်းမဘုန်းကြီးကျောင်းရှိ အိမ်ထောင်စု (၅၃၆) စု၊ လူဦးရေ (၂၃၂၁) ဦးအတွက် ဆပ်ပြာ (၂၃၂၁) တောင့်၊ နှာခေါင်းစည်း (၁၀၇၂) ခု၊ လက်ဆေးစင် (၃) ခု၊ ထုံး (၁) အိတ်တို့အားလည်းကောင်း၊ ဂန်ဓာရီပရဟိတဘုန်းကြီးကျောင်းရှိ အိမ်ထောင်စု (၆၉)စု၊ လူဦးရေ (၃၅၇)ဦးတို့အတွက် အလှူဆပ်ပြာ (၇၁၄) ခဲ၊ နှာခေါင်းစည်း (၁၃၈) ခု၊ လက်ဆေးစင် (၁) ခု၊ ထုံး (၁) အိတ်အားလည်းကောင်း၊ မြတောင် ဘုန်းကြီးကျောင်းရှိ အိမ်ထောင်စု (၂၀၅)စု၊ လူဦးရေ (၁၀၅၉) ဦးတို့အတွက် ဆပ်ပြာ (၁၀၅၉) တောင့်၊ နှာခေါင်းစည်း (၄၁၀) ခု၊ လက်ဆေးစင် (၃)ခု၊ ထုံး (၁) အိတ်တို့အားလည်းကောင်း၊ မြောင်းနား တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု(၇၂)စု၊ လူဦးရေ (၃၆၈) ဦးအတွက် အလှူဆပ်ပြာ (၇၃၆) ခဲ၊ နှာခေါင်းစည်း (၁၄၄) ခု၊ လက်ဆေးစင် (၁ )ခု၊ ထုံး (၁) အိတ်တို့အားလည်းကောင်း၊ စုစုပေါင်း အိမ်ထောင်စု (၁၀၈၆) စု၊ လူဦးရေ (၄၈၈၉) ဦးတို့အတွက် ဆပ်ပြာ (၄၀၈၀)တောင့်၊ အလှူဆပ်ပြာခဲ (၁၆၁၈)ခဲ၊ နှာခေါင်းစည်း (၂၁၇၂)ခု၊ လက်ဆေးစင် (၁၀)ခု၊ ထုံး (၅) အိတ်တို့အား (၅-၅-၂၀၂၀) ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_may2020
Source: မောင်တောခရိုင်ဦးစီးမှူးရုံး၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)