ကျိုင်းတုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက် မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ယန်းခမ်း(ထက်)ရပ်၊ ဆင်နှစ်ကောင်လမ်းရှိ အိမ်အမှတ် (၁၄၄) ၌ (၆-၅-၂၀၂၀) ရက်နေ့၊ (၀၀:၀၁) နာရီအချိန်ခန့်တွင် မီးဘေးဖြစ်ပွားခဲ့မှုကြောင့် ဘေးသင့်ခဲ့သည့် လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ(၁)ပတ်စာ (၁၈၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး (၁) အိမ်ထောင်စာအား (၆-၅-၂၀၂၀) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_may2020
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events