
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ခွေးမြှုပ်ကျေးရွာအုပ်စု၊ ယာကြီးကုန်းကျေးရွာရှိ အိမ်ခြေ (၈၄) လုံး၊ အိမ်ထောင်စု (၈၉) စု၊ လူဦးရေ (၄၁၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀) အား (၆-၅-၂၀၂၀)ရက်နေ့၊ (၀၉:၃၀) အချိန်တွင်၊ ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်းကာ သွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
ha_drg
mgy_may2020