လေဘေးသင့်ဘုန်းကြီးကျောင်းအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့ (၂၁.၀၀)နာရီ အချိန်ခန့်၌ လေပြင်းတိုက်ခတ်မှုကြောင့် နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ဟိုနောင်ကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း နှင့် မက်မွန်လောင်းကျေးရွာ ကမ္မဌာန်းဘုန်းကြီးကျောင်းများအမိုးလန် ပျက်စီးခဲ့သည့်အတွက် ကျောင်း(၂)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၈၀၀၀၀/-)ကျပ်အား(၅-၅-၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီ အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#shn_may2020

Sign Up

Upcoming Events