လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၅-၂၀၂၀) ရက်နေ့ (၈:၀၀) နာရီအချိန်မှ စတင်၍ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရွာသီကျေးရွာအုပ်စု၊ စံပြကျေးရွာ၊ ရွှေတောင်ကျေးရွာ၊ ရွာသီ (အရှေ့) ကျေးရွာ ၊ သံဘိုကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ရေကင်းကျေးရွာ၊ ပေါက်ပင်ဆိပ်ကျေးရွာ၊ ရွာသီ(အနောက်)ကျေးရွာ၊ သဖန်းဆိပ်ကျေးရွာ၊ ဆားကျင်းကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ပြီး COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ပြီး လေပြင်းဘေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_may2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)