လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁.၅.၂၀၂၀)ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ခနောင်ကျေးရွာအုပ်စု၊ ခနောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သောမိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ ငွေ(၃၀၀၀၀၀)ကျပ်တိတိအား (၅.၅.၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် သေဆုံးသူ၏မိသားစုဝင်များလက်ဝယ်သို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#ayy_may2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)