လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀) ရက်နေတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနှင့် ကမာဘာကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ လေဘေးသင့်ပြိုလဲနေအိမ် (၃) လုံး၊ အမိုးလန်နေအိမ် (၁၉) လုံးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ  (၈၇၀၀၀ဝိ/-)ကျပ်၊ ပြိုလဲနေအိမ် (၃) လုံးရှိ လူဦးရေ (၇) ဦး တို့အတွက်  ဆန်ရိက္ခာ (၇) ရက်စာဖိုး  ထောက်ပံ့ငွေ(၁၄၇၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၈၈၄၇၀ဝိ/-)ကျပ်နှင့် ပြိုလဲနေအိမ် (၃) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ   (၃) အိမ်ထောင်စာတို့အား (၄-၅-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိ ပါသည်။

#ha_sgw

#bgo_may2020

Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events