လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀) ရက်နေ့ (၀၄:၀၀) အချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဆင်ပေါင်ဝဲမြို့နယ်၊ တောညောင်ပင်သာကျေးရွာ အုပ်စု၊ အင်ပင်လှကျေးရွာနှင့် ဇောင်းတန်းကြီးကျေးရွာအုပ်စု၊ ဝန်တက်ကျေးရွာမှ အမိုးလန်ပျက်စီး နေအိမ် (၉) လုံးအတွက် အိမ်‌ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၂,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၃၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၉,၈၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀၁,၈၀ဝ/-) ကျပ်တို့ အား (၄-၅-၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mgy_may2020
Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events