လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် အောက်တိုဘာလ (၂၆) ရက်နေ့တွင် ရခိုင်ပြည်နယ် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ နည်းပြသင်တန်း အမှတ်စဉ် (၁၉/၂၀၁၄) ဖွင့်လှစ်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်သည် အောက်တိုဘာလ (၂၆) ရက်နေ့တွင် စစ်တွေမြို့၊ မူကြိုကျောင်း၌ ဦးစီးဌာန (၂) ခုမှ အရာထမ်း၊ အမှုထမ်းများကို နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးကြည်နှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့မှ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပါသည်။

အောက်တိုဘာလ (၂၇) ရက်နေ့တွင် စစ်တွေမြို့၊ ဦးဉတ္တမခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ စစ်တွေခရိုင်၊ မောင်တောခရိုင်၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေနှင့် ဘေးသင့်တိုင်းရင်းသား ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ငွေများပေးအပ်ပွဲသို့ တက်ရောက်ပြီး ဒီလိုထောက်ပံ့ပေးခြင်းဟာ နိုင်ငံတော် သမ္မတကြီး ချမှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ကိုဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်ရာမှာ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေခြင်းဖြစ်တဲ့အပြင် လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများကို တက်အားသမျှ ဆောင်ရွက်နေခြင်းဘဲ ဖြစ်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့် အဖွင့် အမှာစကား ပြောကြားပါသည်။ အစီအစဉ်အရ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးမောင်မောက်အုန်းက လူမှု စီးပွားဘဝမြှင့်တင်ရေး ဆောင်ရွက်ချက်များအား ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ် တို့က ကျောက်တော်မြို့နယ်၊ အပေါက်ဝ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် (၆၀.၅၄) သိန်း၊ မြောက်ဦးမြို့နယ် အတွင်းရှိ ဘောက္ကံချောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် (၅၀.၄၀) သိန်းနှင့် တိမ်ညိုရွာမလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၇.၁၀) သိန်း၊ မြောက်ဦးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၂) ကျောင်းအတွက် (၇၂) သိန်း၊ စစ်တွေမြို့နယ် အတွင်းရှိ ခေမာမဏ္ဍိုင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၈၀.၇၂) သိန်းနှင့် ပြည်နယ်ဘိုးဘွားရိပ်သာအတွက် (၂၅.၅၀) သိန်း၊ ရသေ့တောင်မြို့နယ်၊ တောင်ရင်းတန်း လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၂၁.၉၀) သိန်း၊ စစ်တွေခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၁) ကျောင်းအတွက် (၆၆) သိန်း ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီတော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွင်း (၈၈.၂၈) သိန်း၊ မောင်တောမြို့နယ်၊ သုံးမိုင်စေတီကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ အတွက် (၂၂.၅၀) သိန်း၊ မောင်တောခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်း (၆) ကျောင်းအတွက် (၃၆) သိန်း၊ ကျောက်ဖြူမြို့ နယ်၊ စေတီတောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၃၇.၁၈) သိန်း၊ အမ်းမြို့နယ်၊ မြို့ဦးကျောင်း လူငယ်ဖွံ့ဖြိုး ရေး ပရဟိတဂေဟာအတွက် (၂၇.၀၁) သိန်း၊ ကျောက်ဖြူခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၀) ကျောင်းအတွက် (၆၀) သိန်း၊ သံတွဲမြိုနယ်၊ မေတ္တာဝတီဘိုးဘွားရိပ်သာအတွက် (၂၉.၂၀) သိန်း၊ တောင်ကုတ်မြို့ နယ်၊ ရွှေမေတ္တာဘိုးဘွားရိပ်သာအတွက် (၆.၃၀) သိန်း၊ သံတွဲခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း ကြိုကျောင်း (၉) ကျောင်းအတွက် (၅၄) သိန်း၊ ဘေးသင့်တိုင်းရင်းသားပြည်သူများအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် သိန်း (၃၀၀) ကျပ်၊ စုစုပေါင်း (၁၀၅၄.၆၃) သိန်းကျပ်အား သက်ဆိုင်သူများထံထောက်ပံ့ ပေးပါသည်။ ထို့နောက် ဂေဟာအုပ်ချုပ်ရေး တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အတွင်း လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များအတွက် နည်းပြသင်တန်း (၁၉/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒီလို ဆောင်ရွက်နေခြင်းဟာ နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်နှင့်အညီ လူငယ်များအတွက် အလေးထားစဉ်း စားပြီး ရင်းနှီးမြုပ်နှံမှုဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အမှာစကားပြောကြားပါသည်။ ၎င်းနောက် ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးကြည်က လူမှုစောင့် ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်က သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များစီမံကိန်းအကြောင်းများအား ရှင်းလင်းပြောကြားကြပါသည်။ ထို့နောက် မူကြိုကျောင်းသို့ ရောက်ရှိပြီး ရပ်ကွက် (၂၈) ခုနှင့် ကျေးရွာ (၂၇) ရွာမှ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ် (၅၅) ဦးနှင့် မင်းသူရခန်းမသို့ ရောက်ရှိပြီး ရပ်ကွက် (၂၅) ခုနှင့် ကျေးရွာ (၃၅) ရွာမှ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (၆၀) ဦးတို့ကို နည်းပြသင်တန်းပို့ချနေမှုတို့အား ကြည့်ရှု၍ လူငယ်မောင်မယ်များကို အားပေး စကားပြောကြားခဲ့ပါသည်။ အောက်တိုဘာလ (၂၈) ရက်နေ့တွင် မေယုလမ်း၊ မကျီးမြိုင်ရပ်ကွက်၊ ပြည်နယ် လူမှုဝန်ထမ်းရုံးအတွင်းရှိ ကလေးပြုစုရေးဌာနနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Sign Up

Upcoming Events