လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ ရေကာကျေးရွာအုပ်စု၊ ရေကာကျေးရွာ၊ ရှမ်းရွာကျေးရွာ၊ ဇီးဖြူတန်းကျေးရွာ၊ ဘိုကတော်ကျေးရွာ၊ သဖန်းပင်ကျေးရွာနှင့် ဗွက်ကြီးရိုးကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးဆော်ဩမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#npw_may2020
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)