လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းကျေးရွာတွင် (၂-၅-၂၀၂၀) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၄၀၀ိ/-) တို့အား (၃-၅-၂၀၂၀) ရက်နေ့(၁၄း၂၅) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2020
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)