ရေးမြို့နယ် ကျေးရွာများအတွင်း COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊‌ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာ၊ ကံလှကျေးရွာ၊ ဖားကြီးကျေးရွာ၊ ဝယ်ဇင်ကျေးရွာတို့နှင့် လမ်းဆုံလမ်းထောင့် လူစည်ကားသောနေရာတို့၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_may2020
Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events