လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၂၀) ရက်နေ့တွင် ရေဦးမြို့နယ်အတွင်း ယာဉ်ဝင်/ထွက်ဂိတ်များတွင် စီးနင်းလိုက်ပါလာသော ခရီးသည်များအား မုန်တိုင်း၏သက်ရောက်မှုကြောင့် လေပြင်းတိုက်ခတ်မှုများနှင့် မိုးကြိုးပစ်ခြင်းများ ကြိုတင်ကာကွယ်နိုင်ရန် လေဘေးလက်ကမ်းစာစောင်များနှင့် မိုးကြိုးဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)