ဖရူဆိုမြို့နယ် ရပ်ကွက်များအတွင်း သောက်သုံးရေများ သွားရောက်ဖြန့်ဝေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ လောလျာခူကျေးရွာနှင့် မြို့မကျေးရွာအုပ်စု၊ လောခုခူကျေးရွာများသို့ သောက်သုံးရေဂါလံ(၁၄၀၀)စီအားလည်းကောင်း၊ ကေးလျားကျေးရွာအုပ်စု၊ လောပလျားလဲကျေးရွာသို့ သောက်သုံးရေဂါလံ(၃၂၀၀)အားလည်းကောင်း သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#kyh_may2020
Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events