ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာအုပ်စု၊ ကညင်ကျိုးကျေးရွာ မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ၏မိသားစုထံ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာအုပ်စု၊ ကညင်ကျိုးကျေးရွာ၌ (၂၈-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀)ကျပ်တိတိအား (၃၀-၄-၂၀၂၀)ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သေဆုံးသူ၏မိသားစုဝင်လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပါကြောင်း သတင်းရရှိပါသည်။
#ha_tls
#bgo_may2020
Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events