လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ ဝိုင်းမော်မြို့နယ်ရှိ၊ လော်ဝေါ်နှစ်ခြင်းအားဘေစင်(၁)ခု၊ မြို့မနှစ်ခြင်း အားဘေစင်(၂)ခု၊ Non-Contact Infrared Thermometer (၂)ခုနှင့် Covid-19 အသိပညာပေး Flow Chart ဗီနိုင်းပိုစတာ (၂)ခု တို့ကို တစ်စခန်း(၁)ခုနှုန်းဖြင့် သွားရောက်ပေးအပ်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစပ်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_apr2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)