လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်အထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ၊ ကမာစိုင်ကျေးရွာ၊ ရေဝေကျေးရွာနှင့် ဇရပ်ကျွန်းကျေးရွာတို့တွင် COVID -19 ကူးစက် ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_apr2020
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)