COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၄.၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍  ညောင်တုန်းမြို့ပေါ်ရှိ ဈေးများတွင် Mask, face shield များ ဝေငှခြင်း၊ အသိပညာပေးဟောပြောခြင်း၊ ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင်Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_apr2020

Source:     ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events