လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉- ၄-၂၀၂၀) ရက်နေ့ ည (၂၀:၀၀)နာရီအချိန်မှ စတင်ပြီး ဟင်္သာတမြို့နယ်၊ (လယ်တော်၊ လယ်တော်မြို့သစ်၊ ပခန်းချောင်း ) ရပ်ကွက်တို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)