လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၉-၄-၂၀၂၀) ရက်နေ့တွင် မကျီးကုန်းကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာနှင့် အရိုးတောင်ကုန်းကျေးရွာ၊ ဒယ်ပုတ်ကွင်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ထန်ပင်ကန်ကျေးရွာအုပ်စု၊ သဇင်ကွင်းကျေးရွာတို့အတွင်းရှိ ပြည်သူများအားCovid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက် အလက်များကို ပြည်သူများ အလွယ်တကူသိရှိ လိုက်နာနိုင်ရေးအတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)