လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ မကျီးလဟာကျေးရွာအုပ်စု၊ မကျီးလဟာ ကျေးရွာတွင် (၂၇-၄-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)ပုံး (၃၂၃၅၃/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၆၃၀ဝ/-)၊ စုစုပေါင်း ရန်ပုံငွေ (၁၀၆၃၀ဝ/-)အား (၃၀-၄-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_apr2020

Source:     ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events