COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

​​​​

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၄.၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊​​ ဖက်သလက်ကျေးရွာအုပ်စု၊  ဖက်သလက်ကျေးရွာတွင် (၀၉:၃၀) နာရီမှ (၁၁:၀၀) နာရီအထိလည်းကောင်း၊  ကမ်းနားစုကျေးရွာတွင် (၁၁:၀၀) နာရီမှ (၁၂:၃၀) နာရီ အထိလည်းကောင်း၊ စီပင်ကျေးရွာတွင် (၁၃:၃၀)နာရီမှ (၁၅:၀၀) နာရီအထိလည်းကောင်း၊ သရက်ကုန်းကျေးရွာတွင် (၁၅:၀၀) နာရီမှ (၁၆:၃၀)နာရီအထိလည်း​ကောင်း လတ်တလောနိူင်ငံအသီးသီးတွင် ကူးစက်ပျံ့နှံလျှက်ရှိသော Covid-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_apr2020

Source:     ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events