လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ ဇလက်ကျေးရွာနှင့် ဘွတ်အိုင်ကျေးရွာတို့၌ (၂၈-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေပြင်း‌ဘေးကြောင့် ဘေးသင့်ပြိုကျပျက်စီးနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၈) မျိုးပါ (၃) ပုံးနှင့် ပိုက်ဖျာ (၃) ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ အမိုးလန် ပျက်စီးခဲ့သည့် နေအိမ် (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၆၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄၉,၁၀၀/-) ကျပ်တို့အား (၂၉-၄-၂၀၂၀) ရက်နေ့၊ (၁၁:၄၅) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ရှေ့ မှောက်၌ လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_apr 2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events