COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) အချိန်မှ (၁၇:၀၀) နာရီအချိန်ထိ အခြားဌာနများနှင့် ပူးပေါင်း၍ ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စု လမ်းမပေါ်ရှိ လွိုင်လင်မြို့၊ ပန်ခေါက်ဝိုး စစ်ဆေးရေးဂိတ်တွင် ခရီးသွားများအား Covid _ 19 ကူးစက် ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ခရီးသွားမှတ်တမ်းရယူခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_apr 2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events