လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကဝရွာသစ်ရပ်ကွက်၊ တံတားကြီးရပ်ကွက်၊ ကျောင်းကြီးရပ်ကွက်၊ မင်းပိုင်းရပ်ကွက်နှင့် ခမေလေးရပ်ကွက်တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့် ပြိုလဲနေအိမ်(၇)လုံးနှင့် အမိုးလန်နေအိမ်(၇၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၉၂၀၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၇)လုံးရှိ လူဦးရေ(၂၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)စာဖိုး ထောက်ပံ့ငွေ(၄၂၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၉၆၂၀၀ဝ/-)ကျပ်နှင့် ပြိုလဲနေအိမ်(၇)လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း( ၁၆)မျိုးပါ (၇)အိမ်ထောင်စာတို့အား (၂၈-၄-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ပြန်/ဆက်ဦးစီးတို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကဝမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_otr
#shn_apr2020