လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀)ရက် နေ့တွင် (၈:၃၀) အချိန်မှ (၁၆:၃၀) အချိန်အထိ ကနီမြို့နယ်အတွင်းရှိ မင်းအိုကျေးရွာ၊ အိုင်တောင်ကျေးရွာ၊ အိုင်တောင်(တ)ကျေးရွာ၊ အိုင်သာကျေးရွာ၊ နှောတောကျးရွာ၊ နတ်လာပို့(မ)ကျေးရွာ၊ အုန်းပင်ဆိပ်ကျေးရွာ၊ သပြေတောကျေးရွာများအတွင်း အသံချဲ့စက် ဖြင့် Covid-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး လိုက်နာရန်အချက်များအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပြန်ုကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ အသိပညာပေးဟောပြောခဲ့ပြီး ပြည်သူသို့ပန်ကြားချက်များ၊ လေပြင်းဘေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg _apr2020
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)