လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ နောင်နန်းတြီနတီ၊ နောင်နန်း ဂျော်မဆပ် IDPs စခန်းများရှိအိမ်ထောင်စု စခန်းများရှိ(၃၂၀)စု အတွက် ဆပ်ပြာ(၆၄၀)ခဲ၊ mask(၆၄၀)ခု၊ Non-Contact Infrared Thermometer (၂)ခု၊ လက်ဆေး ဘေစင် (၂)ခု၊ Covid-19 အသိပညာပေးFlow Chart ဗီနိုင်းပိုစတာ (၂)ခု တို့အား သွားရောက်ပေးအပ်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစပ်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက် အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#kcn_apr2020