လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့တွင် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနန်းကျေးရွာအုပ်စု၊ နမ့်မော်ဆိုင်ကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စု (၇)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၉၅,၀၀၀/-)ကျပ် နှင့် အိမ်ထောင်စု (၇)စု ရှိ လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၅,၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ(၅၆၀,၁၀၀/-)ကျပ်အား (၂၈-၄-၂၀၂၀)ရက်နေ့ (၁၅:၀၀)နာရီ အချိန်၌ လေဘေးသင့်ပြည်သူများထံသို့ ကျေးသီးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#shn_apr2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)