လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ၍ ရောက်ရှိခိုလှုံလျက်ရှိသည့် စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့၊ တိုက်ပွဲရှောင်စုရပ်(၁)ခုမှ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၄၇)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၁၄)အိတ်၊ (၁၆)ပြည်၊ (၄)ဗူးအားလည်းကောင်း၊ တိုက်ပွဲရှောင်စုရပ်(၃)ခုမှ အိမ်ထောင်စု(၂၇)စု၊ လူဦးရေ(၁၃၁)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၉)အိတ်၊ (၂)ပြည်၊ (၄)ဗူးအားလည်းကောင်း၊ စစ်တွေမြို့၊ တိုက်ပွဲရှောင်စခန်း(၃)ခုမှ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၄၀)ဦးအတွက် ဆန်ရိက္ခာ (၂)ပတ်စာ ဆန်(၅)အိတ်၊ (၂၀)ပြည်အားလည်းကောင်း၊ တိုက်ပွဲရှောင်စခန်း(၂)ခုမှ အိမ်ထောင်စု(၁၁၄)စု၊ လူဦးရေ(၄၃၃)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၁၃၅)အိတ်၊ (၇)ပြည်၊ (၄)ဗူးတို့အား (၂၈-၄-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_otr
#rke_apr2020