COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

​​​​

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်​ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ ဟိုပန်မြို့ရှိ Home quarantine ဝင်ရောက်နေသော နေအိမ်များတွင် နှစ်သိမ့်ပညာပေး ဆွေးနွေးခြင်းနှင့် ရက်ပြည့်သောစောင့်ကြည့်လူနာများအား ဆောင်ရန်ရှောင်ရန်အချက်များဟောပြောပြီး အပူချိန်တိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းတွင် ဟိုပန်မြို့ မန်မိုင်(အောက်ရွာ)တွင် လတ်တလော၌ ကူးစက်ပျံ့ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခြင်း၊ COVID-19 လက်ကမ်းစာစောင်များနှင့် လေပြင်းဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_apr2020

Source:     ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events