လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ပီတိကျေးရွာနှင့် ချောင်းကွေ့ကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များနှင့် လှည့်လည်အသိပေးကြေညာခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_apr2020
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)