
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်မှ စတင်ပြီး ဘီးလင်းမြို့နယ်၊ ကဒီပုကျေးရွာအုပ်စုအတွင်းရှိ ကဒီပုကျေးရွာ၊ ဘီးလင်းကြိုးကျေးရွာ၊ ကြက်ခြေခတ်ကျေးရွာ၊ သစ်ချတောင်ကျေးရွာ၊ ဝါးဖော့ကုန်းကျေးရွာ၊ ပဏ္ဍိကုန်းကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် ရွာသစ်ကျေးရွာ တို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#ar
#mon_apr2020
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)