လေဘေးသင့်ပြည်သူများအတွက် ​ထောက်ပံ့မှုသတင်း

​​​​

​​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ စခန်းကြီးအုပ်စု၊ ကြက်ဆူကွင်းကျေးရွာနှင့် အင်္ဂရမ်းအုပ်စု (အရှေ့ လက်ပံစုကျေးရွာနှင့် အနောက်လက်ပံစုကျေးရွာ)တို့တွင် (၂၇.၄.၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (ဝါးအိမ်-၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက် ပံ့ငွေ(၁၀၀၀၀ဝ/-)| တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (ဝါးအိမ်-၂)လုံး အတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝ/-)| လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂၅၂၀ဝ/-)| စုစုပေါင်းရန်ပုံငွေ (၂၂၅၂၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး(၁) အိမ်ထောင်စာတန်ဖိုး (၃၂၃၅၃/-)တို့ကို ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၁၄:၀၀) နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_apr2020

Source:     ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events