လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး မှ တာ၀န်ရှိသူများသည် (၂၈ – ၄ -၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူပေါင်း၍ ကျိုင်းတုံ -တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့ အ၀င် /အထွက် ယာဥ်လိုင်းများတွင်စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့၊ နောင်ဆာကျေးရွာအုပ်စု၊ နောင်ဆာကျေးရွာ၊ နောင်ဆာ(ကချင်)နှင့် နောင်ဆာ(လာဟူး)ကျေးရွာတို့တွင် နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID – 19 ကူးစက် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန် သိရှိ လိုက်နာဆောင်ရွက်ရမည်အချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: ကျိုင်းတုံခရိုင်စီးမှူးရုံး (ဘစမ)