လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်သားမြို့နယ်၊ သပြေတောင်းကျေးရွာအုပ်စုမှ ကျေးရွာ(၅)ရွာ၌ (၂၅-၄ -၂၀၂၀) ရက်နေ့တွင် တိုက်ခတ်သွားသော လေဘေးသင့် အိမ်ခြေ (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ (၈၈) ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေကျပ် (၁၈၄,၈၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁,၂၈၈,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁,၄၇၂,၈၀၀/-)အား (၂၇-၄-၂၀၂၀) ရက်နေ့ (၁၀:၁၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mdy_apr2020

Source:     မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events