မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့၊ အမှတ်၃ရပ်ကွက်၊ မဟာစည်ရပ်၊ သရိမာလာလမ်းတွင် (၂၅-၄-၂ဝ၂ဝ) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လူနေအိမ် (၅) လုံး မီးလောင်ဆုံးရှုံး၍၊ လူနေအိမ် (၁) လုံးအား မီးမကူးဆက်နိုင်ရန်အတွက် ကြိုတင်ဖျက်သိမ်းခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု (၆) စု၊ လူဦးရေ (၂၆) ဦးမီးဘေးသင့်ခဲ့ပါသည်။ မီးဘေး သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ အိမ်ထောင်စု (၁) စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုး အိမ်ထောင်စု (၄) စုစာ၊ မီးဘေးသင့်အိမ် (၅) လုံးနှင့် ကြိုတင်ဖျက်သိမ်းအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁ဝဝ,ဝဝဝ/-) ကျပ်၊ လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇) ရက်စာ (၅၄,၆ဝဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၅၄,၆ဝဝ/-) ကျပ်တို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၇-၄-၂ဝ၂ဝ) ရက်နေ့ (၁၁:ဝဝ) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ha_fir
#mgy_apr 2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events