လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုပန်မြို့၊ မိုးလုံလေလုံအားကစားရုံရှိ စောင့်ကြည့်လူနာများအား နှစ်သိမ့်ပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင် မြို့နယ်ကျေးလက်ကျန်းမာရေးဌာနနှင့်ချိတ်ဆက်၍ လတ်တလောဖြစ်ပွားနေသော COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များအား မြောင်စီးဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)