လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေး မြို့နယ် ဟိုင်းစီကျေးရွာအုပ်စု ဟိုင်းစီကျေးရွာတွင်(၀၉:၃၀)နာရီ၌လည်းကောင်း ဂွေးတောက်ကုန်း ကျေးရွာတွင် (၁၁:၀၀) နာရီ၌လည်းကောင်း၊ အောက်စုကျေးရွာတွင် (၁၂:၀၀) နာရီ၌လည်းကောင်း၊ အထက်စုကျေးရွာတွင် (၁၄:၀၀) နာရီ၌လည်းကောင်း၊ Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များနှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေ ပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr 2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)