လက်ဆေးဘေစင်နှင့် အပူချိန်တိုင်းစက်များ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင် မြို့နယ်အတွင်းရှိ IDP (camps) ၅ ရပ်ကွက် နှစ်ခြင်းအသင်းတော်ရုံးအတွက် လက်ဆေးဘေးစင် (၂) ခု တန်ဖိုး (၁၀၀,၀၀၀/-)၊ အပူချိန်တိုင်းစက် (၁)ခု တန်ဖိုး (၈၀,၀၀၀/-) နှင့် ၆ ရပ်ကွက် မူကြိုကျောင်း အတွက် လက်ဆေးဘေးစင် (၂) ခု တန်ဖိုး (၁၀၀,၀၀၀/-)၊ အပူချိန်တိုင်းစက် (၁) ခု တန်ဖိုး (၈၀,၀၀၀/-) စုစုပေါင်း (၃၆၀,၀၀၀/-) တန်ဖိုးရှိ လက်ဆေးဘေးစင်နှင့် အပူချိန်တိုင်းစက်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အပူချိန် တိုင်းတာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr
#shn_apr2020
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events