လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀)ရက်တွင် စစ်တွေမြို့နယ်၊ ဒါးပိုင် IDPစခန်းမှ အိမ်ထောင်စု(၁)စုလျှင် Mask(၂)ခုနှင့် ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် အိမ်ထောင်စု (၄၄၈) စုအတွက် Mask (၈၉၆) ခု၊ ဆပ်ပြာ (၄၄၈) တောင့်နှင့် (လက်ဆေးဘေစင်၊ ရေပုံး၊ ရေချိုးခွက်၊ ဆပ်ပြာမွှေး၊ ဆပ်ပြာခွက်)(၅)စုံ တို့ကိုလည်းကောင်း၊ မော်သီးညာ IDP စခန်းမှ အိမ်ထောင်စု (၆၅၆) စုအတွက် Mask (၁,၃၁၂)ခု၊ ဆပ်ပြာ (၆၅၆) တောင့်နှင့် (လက်ဆေးဘေစင် ၊ ရေပုံး၊ ရေချိုးခွက်၊ ဆပ်ပြာ မွှေး၊ ဆပ်ပြာခွက်) (၅)စုံ တို့ကိုလည်းကောင်း IDPs စခန်းနေပြည်သူများအတွက် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရပါသည်။
#rke_apr2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)