လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့၊ (၁၇:၀၀) နာရီ အချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ လက်ပံခုန်ကျေးရွာအုပ်စု၊ ဘူးခုံကျေးရွာ တွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ဒဏ်ရာရလူနာ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံငွေ (၅၀,၀၀၀) ကျပ်အား (၂၀-၄-၂၀၂၀)ရက်နေ့၌ထောက်ပံ့ခဲ့ပြီးဖြစ်ရာ အဆိုပါလူနာသည် (၂၂-၄-၂၀၂၀) ရက် နေ့၌ သေဆုံးသွားပါသဖြင့် ထပ်တိုးထောက်ပံ့ငွေ (၂၅၀,၀၀၀)ကျပ်အား (၂၄-၄-၂၀၂၀)ရက်နေ့ (၁၀:၀ဝ) နာရီအချိန်တွင် မီးဘေးသင့်နေအိမ်၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-၂၊ ရဲတပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#bgo_apr2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)