လေဘေးသင့်ပြည်သူများ ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် နံ့သာကျေးရွာအုပ်စု၊ ကန်တောကျေးရွာ၌ (၂၅.၄.၂၀၁၉)ရက်နေ့၊ ညနေ(၁၃း၄၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၃)လုံး၊ သာသနိကအဆောက်အဦ(၁)လုံး၊ ကျေးရွာမှတည်ဆောက်ပေးထားသောဆရာမနေအိမ်(၂)လုံး၊ အိမ်ထောင်စု (၄)စုမှ ကျား(၆)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်း(၂၁)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ ကျောင်းဆောက်ပစ္စည်းဖိုး(၂၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၄၄၁၀၀ိ/-) စုစုပေါင်း(၁၆၄၁၀၀ိ/-)ကို (၂၆.၄.၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၅၀၀)အချိန်တွင် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ နံ့သာကျေးရွာအုပ်ချုပ်ရေးမှူးမှ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mgy_apr2020

Source:           ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events