လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့တွင် လားရှိုးခရိုင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့ပူးပေါင်း၍ လားရှိုးမြို့ အထက(၃) ကျောင်းတွင် ထားရှိသောFacility Quarantine ပြည်သူများနှင့် ရပ်ကွက်(၁၂)၊ နမ(၂၀)၊ ဟိုပိတ်ကျေးရွာ၊ ဟိုပိတ်ဈေး၊ ဟိုပိတ်တိုးဂိတ်၊ ဟက်ကာကျေးရွာ၊ ရပ်ကွက်(၉)၊ ခေးနင်းကျေးရွာတို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးပန်ကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#shn_apr2020
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)