လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့ (၁၈:ဝဝ)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော မျိုင်းကျေးရွာအုပ်စု မျိုင်းတောတိုက်မှ အမိုးလန်နေအိမ် (၁)လုံး အိမ်ထောင်စု (၁)စုမှ လူဦးရေ  (၅ ) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၅,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၈၅,၅၀၀/-) ကျပ်တိတိအား (၂၄-၄-၂၀၂၀)ရက်နေ့ (၁၀:၃၀)  နာရီအချိန်တွင် ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#sgg_apr2020

Source:  ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events