လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၃၀) နာရီမှ နေ့လည်(၁၅:၃၀)နာရီထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များ နှင့်ပတ်သက်၍ အသိပညာပေးခြင်းကို တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာအုပ်စု၊ ညောင်လွန့် (နောက်) ကျေးရွာ၊ ဘူတာရပ်ကျေးရွာ၊ ညောင်လွန့်(ရှေ့)ကျေးရွာ၊ သဲကုန်းကျေးရွာနှင့် ကြိုးကြာသာလှ ကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_apr2020
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး၊ ဉတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)